
ငယ်စဉ်ကအရမ်းလိုချင်ခဲ့သော ဂိမ်းစက်အားဝယ်ပေးခဲ့သည့် ဦးလေးဖြစ်သူကို ၁၅နှစ်အကြာတွင် ဇိမ်ခံကားသစ်တစ်စီး လက်ဆောင်အဖြစ် ပြန်ပေးခဲ့သော ကောင်လေး
တရုတ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးသည် ဆင်းရဲသောမိသားစုမှ မွေးဖွားလာသည့်အတွက်
ငယ်စဥ်က သူငယ်ချင်းတွေ ကိုင်နေကြသည့် ခေတ်စားနေသော ဂိမ်းစက်ကို အရမ်းလိုချင်ခဲ့သော်လည်း မိဘနှစ်ပါးမှဝယ်ပေးဖို့ရာ မတတ်နိုင်ခဲ့ကြပေ။
ကံကောင်းစွာဖြင့် ဦးလေးဖြစ်သူသည် လစာကောင်းသည့် အလုပ်သစ်အားရခဲ့၍ ကောင်လေးအတွက် ဂိမ်းစက်တစ်ခုကို ချက်ချင်း ဝယ်ပေးခဲ့၍
အလွန်ဝမ်းသာဖြစ်ခဲ့ရပြီး ဦးလေးအားကျေးဇူးပြန်ဆပ်သည့်အနေနှင့် သူကြီးလာသည့်အခါ လိုချင်တာပြန်ဝယ်ပေးမည်ဟု ဆိုခဲ့သည်။
ကောင်လေးသည် ၁၅နှစ်ကြာသောအခါ အလုပ်အပေါ်ကြိုးစားအားထုတ်ခဲ့သည့်အတွက် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာကာ
ကလေးဘဝတုန်းက ပေးခဲ့သော ဂတိစကားအတိုင်း ကျေးဇူးရှင် ဦးလေးအတွက် လိုအပ်မည့်ဇိမ်ခံကားသစ်တစ်စီးကို လက်ဆောင်အဖြစ် ပြန်ဝယ်ပေးခဲ့သည်။